
မင်းရဲ့
အပြောချိုချိုတွေ
မင်းရဲ့
ဆွဲဆောင်မှု့ရှိတဲ့ အပြုံးတွေ
မင်းရဲ့
နွေးထွေးတဲ့
အထိအတွေ့ အငွေ့အသက်တွေ
မင်းရဲ့
ငြင်သာတဲ့ အနမ်းတွေ
မင်းရဲ့
ကြင်နာယုယမှု့တွေ
အခုတော့
ငါတို့ရဲ့
ပျော်ရွှင်ခြင်းတွေဟာ
တစဆီကျိုးပဲ့လို့
မှုာန်ဝါးကွယ်ပျောက်
ဝေဒနာ
အလွမ်းအဆွေးတွေက
အစားထိုးလို့ဝင်ရောက်
နှုတ်ဆက်ခြင်းဆိုတာကို
မင်း နဲ့ ငါ
အတူတူ ရင်ဆိုင်
ငါ့ရဲ့
ခံစားချက်တွေ
ငါ့ရဲ့
မျှော်လင့်ချက် အိမ်မက်တွေ
ငါရဲ့
အသဲနှလုံးတွေ
ကြေကွဲပျက်သုာန်း
မျက်ရည်ကို
အဖော်ပြုလို့
အရှုံးတွေနဲ့ ကြုံဆုံ
အတ္တနဲ့မာနဆိုတာလဲ
ငါ့မှာ မရှိ
ပေးဆပ်မှု့ တခုလို့ ဆိုရမယ့်
မင်း နဲ့ ငါ ရဲ့
အမုန်းမဟုတ်တဲ့
လမ်းခွဲမှု့ကို
အဆုံးအစမရှိသော
ပြင်းထာန်ပူလောင်မှု့တွေနဲ့
နေ့စဉ်လိုလို
ငါ့မှာ
အမြဲ ဖိစီးခံစား
ဒါတွေ
မင်း
သိမှသိရဲ့လား ချစ်သူ
ငါလေ
ဟိုတုန်းကလို
လိုချင်တာ
တမ်းတမိတာ
တခုက
ငါ
မင်းအနားမှာ
အမြဲလိုလို
ရှိချင်နေမိတာပါ
ငါ့အပေါ်
မင်းရဲ့
ချစ်ကြင်နာစွာ ယုယမှု့ကို
စွဲမက်နက်ရှိုင်းစွာ
လိုချင်နေမိတာပါ
မင်း
ငါ့ရဲ့
နက်နဲတဲ့
ခံစားမှု့တွေကို
အခုအချိန်မှာ
အရင်ကလို
နားလည်ပေးနိုင်ပါ့မလားဟင်
ခွင့်ပြုပါ ချစ်သူ
ငါတို့
ဝေးသွားကြပြီဖြစ်လို့
ဘယ်လိုနည်းနဲ့မှ
ပြန်မဆုံဖြစ်ကြတော့ရင်
မင်း
နှလုံးသားရဲ့
တနေရာမှာ
ငါ
အမြဲတမ်း
ရှိနေပါရစေ
ရှိနေခွင့်ပြုပါ ချစ်သူရယ်
SMNTL
Kensington, London
00:27AM

No response to “'' နက်နဲတဲ့ ခံစားမှု့''”
Post a Comment