
နှင်းမှုာန်ဖွေးဖွေးတွေ ကျပြန်ပြီ။
ကောင်းကင်က
တဖွဲဖွဲကျနေတဲ့
နှင်းမှုာန်တစက်စီနဲ့
ငါ့ရင်ထဲက
မင်းကို လွမ်းတဲ့
လွမ်းချက်တွေဟာ
ထပ်တူကျနေတယ်ဆိုတာ
ချစ်သူ သိရဲ့လားဟင်။
ဒီနှင်းစက်တွေဟာ
ငါ့ရဲ့ဝေဒနာ
အလွမ်းတွေအတွက်
သက်သေပြဖို့
မြေပြင်ပေါ်ကို
ဆင်းသက်လာကြတာ
ထင်ပါရဲ့ ချစ်သူရယ်။
အေးစက်လွန်းလှတဲ့ ရာသီမှာ
အပူလှိုင်းတခု
ငါ့ရင်ထဲ
ဖြတ်သန်းသွားရှာတယ်။
နှင်းမှုာန် နှင်းစက်တွေဟာ
ဒီမြေကမ္ဘာမှာ
ကြေကွဲ တမ်းတစွာ
လွမ်းတတ်တဲ့ ငါ့ကို
သနားလို့ ငိုနေကြလေရဲ့။
ချစ်သူရေ
မင်း နဲ့ ငါ
ဝေးသွားကြပေမယ့်
ရင်ခုန်သံခြင်းတော့
နီးစပ်နေမြဲပါ။
ခွင့်ပြုပါ ချစ်သူရယ်
အတူမဆုံနိုင်ရတော့တဲ့ ဘဝမှာ
ယောင်ချာချာ အတွေးလေးနဲ့
ငါ့ ဝိညာဉ်ကို
မင်းနဲ့အတူ
ရှိခွင့်ပေးပါနော်။
ငါ့ရဲ့
လွမ်းဆွေးမှု့တွေကို
မင်းဆီရောက်အောင်
ဒီနှင်းမှုာန် နှင်းစက်တွေ
သယ်ဆောင် ကူညီပေးနိုင်ကြပါစေကွယ်။
ငါလေ
နှင်းစက်တွေနဲ့အတူ ငိုမိရင်း
မရေရာ မသေချာပေမယ့်
ထပ်ခါတလဲလဲ
မေးခွန်းထုတ်နေမိတာက
မင်း နဲ့ ငါ
ဘယ်အချိန် ပြန်တွေ့ကြမှာလဲ။
နှင်းနဲ့အတူ ချစ်သူကို လွမ်းမိလို့
အမှတ်တရ သီကုံးရေးဖွဲ့ပါသည်။
SMNTL
Kensington, London
11:37AM

No response to “အလွမ်း နှင်းစက်”
Post a Comment