
နက်နဲတဲ့
အကြည့်စူးစူးတခု
ရင်ထဲ
သိမ့်ကနဲပဲ။
ချစ်သူရဲ့
အနမ်းချိုချိုတချက်
ရင်ထဲ
စိမ့်ကနဲပဲ။
ချစ်သူရဲ့
နွေးထွေးတဲ့
အထိအတွေ့ ထွေးဖက်မှု့
ရင်ထဲ
ငြိမ့်ကနဲပဲ။
ချစ်သူအကြောင်း
တွေးမိလေတိုင်း
ရင်ထဲ
ခြိမ့်ကနဲပဲ။
ချစ်သူ
အမုန်းပွါး ငြိုငြင်မှာကို
ရင်ထဲ
ထိတ်ကနဲပဲ။
ချစ်သူနဲ့
ကွေကွင်းရလေသူတိုင်း
ရင်ထဲ
လှိမ့်ကနဲ
ဖိမ့်ကနဲ
ခံစားရသူချည်းပဲ။
SMNTL
Kensington, London
02:27AM

No response to “''ခံစားမှု့ စည်းချက်''”
Post a Comment