အချိန် မနက် ၁၀း၃၀နာရီ (Jan.21.10)
နေရာ Kensington, London
ကိုယ့်ရဲ့Laptop နဲ့ အိမ်ရှေ့ဧည့်ခန်းရဲ့ ဆိုဖာပေါ် အလုပ်ရှုပ်နေစဉ် iPhone ကနေ Keith Urban ရဲ့ You'll Think Of Me ဆိုတဲ့ သီချင်းသံဟာ ထွက်ပေါ်လာတယ်။
ဒီသီချင်းသံနဲ့ဆို ဘယ်သူဆိုတာကို စိတ်က အလိုလို သိလိုက်ပါတယ်။
နှုတ်ခမ်းဖျားမှာ ကွေးနေအောင် လှပတဲ့ အပြုံးတခုကို ဖန်ဆင်းရင်း ''Hello'' လို့ အချိုသာဆုံး ထူးလိုက်တယ်။
တဖက်က ''Hello My Beautiful, How are you doing?''လို့ အစပြုလို့ ကိုယ်တို့ ၅မိနစ်ခန့် စကား ပြောဖြစ်တယ်။
သူက သူ့အလုပ်ဖော် Banker တယောက်နဲ့ Knightsbridge ကို အလုပ်ကိစ္စနဲ့ လာရင်း သူ့ အလုပ်ရှိရာကို ပြန်ဖို့ အချိန်နဲနဲ စောနေလို့ ဖြစ်နိုင်ရင် သူနဲ့အတူ Coffee သောက်ဖို့ တောင်းဆို လာတယ်။
ဒါကြောင့် ကိုယ်နေတဲ့ နေရာနဲ့ ၅မိနစ်ခန့်သာ ဝေးတဲ့ High Street Kensington က Caffe Concerto မှာ တွေ့ဖို့ agree လုပ်လိုက်တယ်။
Caffe Concerto ဆိုတဲ့ Coffee ဆိုင်က Coffee ဆိုင်တွေထဲမှာ တခုသော ကိုယ့်ရဲ့ Favourite Coffee ဆိုင်ပဲ။ Caffe Concerto မှာ မသောက်ဖြစ်ရင် Cafe Nero မှာ သောက်တယ်။ နောက် Whole Food Supermarket က Coffee ဆိုင်။ အဲဒါတွေက လွဲလို့ ကျန်တဲ့ Coffee ဆိုင်ဆို စိတ်ထဲ အာသီသ မရှိဘူး။ အစွဲအလမ်းကြီးတာ မကောင်းဘူးဆိုတာ သိပေမယ့် ဒီအကျင့်ကို ခေါင်းမာစွာ ဖျောက်ဖျက် မရပဲ ကျေနပ်စွာ ကျင့်သုံးနေစဲပဲ။
ဒီ Coffee ဆိုင်တွေမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ထိုင်ဖြစ်သလို ချစ်ခဲ့ရသူ၊ လက်ရှိ ချစ်နေရသူနဲ့ အမြဲလိုလို ထိုင်ဖြစ်တယ် ဆိုရမယ်။
Caffe Concerto က London မှာ 1996 က စတင်တယ်။ ဆိုင်ခွဲ သိပ်အများကြီး မရှိဘူး။ လန်ဒန်ရဲ့ အချက်အချာကျတဲ့ လူကုံထံ တွေလောက်သာ နေကြတဲ့ Regent Street, Knightsbridge, Kensington, Westfield Shopping Centre တွေ မှာသာ ရှိတယ်။
Caffe Concerto မှာ ဈေးများတယ်လို့ ဆိုရပေမယ့် ရလိုက်တဲ့ Service သုံးစွဲလိုက်ရတဲ့ Quality အတွက် ပေးလိုက်ရတဲ့ ငွေကြေးဟာ Worth it ပါ။
* * * * *
အချိန် မနက် ၁၁း၄၀နာရီ (Jan.21.10)
နေရာ High Street Kensington, London
High Street Kensington ကိုရောက်တော့ Coffee ဆိုင်နားမှာ သူ ရပ်စောင့်နေတယ်။ သူ့ကားကို Parking တနေရာမှာ ရပ်ထားတယ် ဆိုတာကို နားလည်လိုက်တယ်။
အရပ် ၆ပေ ၃လက်မ ရှိတဲ့ သူ., Grey Colour Suits နဲ့ အတွင်းက အပြာနုရောင် အကွက်စိတ် Slim Cut Shirt ကို ဝတ်လို့ Tie က နက်ပြာရောင်နဲ့ သူ့အသွင်အပြင်က ကိုယ့်အမြင်မှာ ရှင်းလင်းတည်ကြည် နေလေတယ်။
ကိုယ့်ကို တွေ့တော့ ''Hi Princess'' လို့ နှုတ်ဆက်ပြီး ထွေးပွေ့တယ်။ ထိုစဉ်မှာ ကိုယ့်ရဲ့နား အနားကပ်ပြီး ''I miss you'' လို့ တီးတိုးစွာ ဆိုတယ်။
လွန်ခဲ့တဲ့ ၂ရက်က သူနဲ့ တွေ့ပြီးသားပေမယ့် ဒီနေ့ တွေ့တော့ သတိရတယ် ပြောလို့ ရင်ထဲ သိမ့်ခနဲဖြစ်သွားတာ အမှန်ပါပဲ။
သူ့နှုတ်ခမ်းကို ဖွဖွ တချက်နမ်းလို့ သူနဲ့လက်တွဲပြီး ဆိုင်ထဲ အတူဝင်ခဲ့တယ်။
Menu ကို ကြည့်ပြီး သူ နဲ့ ကိုယ်ရဲ့ Favourite တွေကို မှာလိုက်တယ်။
ရောက်လာတဲ့အခါ. . ,
Hot Chocolate က ကိုယ်သောက်တာ။ Capuchino က သူ. . ,
Red Bull ကလဲ သူ. , Suger ဓါတ် သူ့ Body ထဲ ထည့်ဖို့ လိုအပ်လို့ Red Bull သောက်တာလို့ ဆိုလေတယ်။
ရေကတော့ Hot Chocolate မသောက်ခင် ကိုယ် နဲနဲသောက်တာ။
ကိုယ်ရဲ့ Hot Chocolate နဲ့ စားဖြစ်ခဲ့တဲ့ Caramel Sauce Cake ကို အနီးကပ် လျှက်တပြတ် မစားခင် မှတ်တမ်းတင် လိုက်တယ်။
အဲဒါစားဖို့ Menu မှာ ရွေးတာ ၅မိနစ် ကြာခဲ့တယ်။ Typical me.. :-)
My Caramel Sauce Cake.., The taste was divine.
Yummy Yummy in my tummy now already. :-)
သူ့အကြိုက် Raspberry Yogurt Cake
ဘယ်ရမလဲ....,
သူ့ဆီက ၃ဇွန်း ယူစားခဲ့တယ်။ ၁ဇွန်းက သူခွံကျွေးတာ။ ၂ဇွန်းမြောက် ကိုယ့်ဟာကို ယူစားတော့ သူ ပြုံးနေတယ်။ ၃ဇွန်းမြောက် ယူစားတော့ သူ နှုတ်ခမ်းဆူတာ ချစ်စရာလေး။
ချစ်စရာလေးလို့ သူ့ကို ပြောတော့ အဲဒီအတိုင်း သူ့ Accent နဲ့ လိုက်ပြောတယ်။
ချစ်စရာလေးရဲ့ အဓိပ္ပါယ် ဘာလဲဆိုတာကို သူ ကောင်းကောင်း သိတယ်။
မိနစ် ၄၀လောက် သူနဲ့ Coffee ဆိုင်မှာ ရှိနေစဉ် အတွင်း ကိုယ့်ကို အပြုံးပေါင်းများစွာ သူ ဖန်တီးစေတယ်။
တယောက်သောသူနဲ့ ပြိုကွဲပျက်စီးပြီး မကြာခင် ကိုယ့်ဘဝထဲ သူဝင်လာခဲ့တယ်။
ကိုယ့်ကို ဖေးမကူညီ စာနာခဲ့တယ်။ ပျက်စီးဆုံးရှုံးတဲ့ အကြင်နာတွေကို အစားထိုးလို့ ကိုယ့်ရင်ကို နွေးထွေးစေခဲ့တယ်။ ပျော်ရွှင်မှု့ ရင်ခုန်သံကို အသစ်တဖန် မွေးဖွားပေးစေတယ်။
လွန်ခဲ့တဲ့ ၁နှစ်ကနေ အခုအချိန်မှာ သူဟာ ကိုယ့်ရင်ထဲ အတိုင်းအတာတခု ရှိနေခဲ့ပြီ။
သူ နဲ့ ကိုယ်ဟာ နေရာတခုကို ရောက်ခဲ့ပြီ။
ရှေ့ဆက်တိုးကြဖို့ ခြေလှမ်းတွေကို အားမာန်အဟုန်နဲ့ ပြင်ဆင်ထားကြပါပြီ။
အရာတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေသလို လူ့စိတ်ဆိုတာလဲ ထိတွေ့ရတဲ့ ပါတ်ဝန်းကျင်နဲ့အတူ ပြောင်းလဲသွားတယ် ပြောလို့ ရမယ်။ ကိုယ် ခံစားခဲ့ရတဲ့ ဝေဒနာကို အချိန်က ကုစားပေးနေသလို ကိုယ့်ရင်ထဲက ခါးသက်မှု့တွေကို ချိုမြိန်အောင် သူ ပြောင်းလဲ ပေးနေတယ်။
ပြန်ခါနီး တယောက်နဲ့တယောက် ထွေးဖက် နှုတ်ဆက်တော့ တွေ့စကလို ကိုယ့်ရဲ့နား အနားကပ်ပြီး ''Your smell so nice, Honey''လို့ တီးတိုးစွာ ဆိုပြန်တယ်။
သူဟာ ကိုယ့်အတွက် ကြည်နှုးချမ်းမြေ့စေတဲ့ Prince Charming ပါ။
ကိုယ်တို့နှစ်ယောက် ဒီ Weekend မှာ အတူတူ ရှိကြဖို့ Plans တွေကို တွေးရင်း အိမ်အပြန်လမ်းက မြင်သမျှ မြင်ကွင်းဟာ ရှင်းလင်းလတ်ဆတ်နေပြီး ကိုယ့်ခြေလှမ်း အစုံဟာ တိုက်ခတ်လာတဲ့ အေးစိမ့်စိမ့် ဆောင်းလေနဲ့ အတူ မြူးကြွသွက်လက်နေတယ်။
SMNTL (Soe Borros Roxo)
Kensington, London
23:30PM

No response to “Caffe Concerto”
Post a Comment