Monday, 1 February 2010

February's Diary



2010 ရဲ့ ဖေဖေါ်ဝါရီလဟာ ကိုယ့်ဘဝကို အများကြီး အပြောင်းအလဲ ဖြစ်စေဖို့ အခွင့်အရေးတွေ အပြည့် ရှိနေစေတဲ့ Golden Month လို့ ခေါ်ရမယ့် လပါ။

ဘဝမှာ ထူးထူးခြားခြား ဖြစ်လာစေမယ့် ရွှေရောင်ရက်တွေနဲ့ ပြည့်နှက်နေစေတယ်။

ဒီ အခွင့်အရေးတွေ ထူးထူးခြားခြား ဖြစ်လာစေမယ့် ရွှေရောင်ရက်တွေ ဖြစ်ပေါ်လာစေဖို့ ကိုယ့်ဆီ လက်တကမ်း ရောက်လာ နိုင်စေဖို့ ကိုယ် အချိန်တွေ အင်အားတွေ စိတ်တွေ ပေးဆပ်ခဲ့ရတယ်။

အခုတော့ ခူးခပ်စားဖို့ အရံသင့် ဖြစ်လို့နေပါပြီ။

ကိုယ့်ဘဝအတွက် ကြီးကြီးမားမား အခွင့်အလမ်းတွေပေါ်ပေါက်ပြီး အောင်မြင်ခြင်း ရလဒ်ဆိုတာတွေကို ဒီ ဖေဖေါ်ဝါရီလမှာ ရှိနေလို့ ကိုယ် ရင်ခုန်ခြင်းများစွာ ရင်မှာ ဖြစ်ထွန်းနေတယ်။ ဆက်ပြီး အမြင့်ကို တက်လှမ်းဖို့ ကြိုးစားမှု့နဲ့ ဝိရီယ စိုက်ထုတ်မှု့သာ လိုတော့တယ်။

ကိုယ့်ဘဝအတွက် အရေးပါ အရာရောက်စေတဲ့ ဖေဖေါ်ဝါရီလမှာ ကိုယ်မျော်မှန်း ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်စေပြီး ကိုယ့်ဆန္ဒတွေကို တခုပြီးတခု ဆင့်ကာဆင့်ကာ ပေါ်ပေါက်ပါစေလို့ မှန်ကန်တဲ့ သစ္စာကို ကိုယ် တိုင်တည်ပြီး ရည်မှန်းပါတယ်။

အားလုံး ဆန္ဒနဲ့ဘဝ ထပ်တူကြနိုင်ပါစေ။


SMNTL (Soe Borros Roxo)
Kensington, London
00:27AM

No response to “February's Diary”