Wednesday, 2 March 2011

"အသိ"

ရှင်သန်နေထိုင်ကြီးပြင်းလာရတဲ့
ဘဝတလျှောက်မှာ

ချစ်ခင်သူတွေဆီက
သိမ်မွေ့နူးညံ့ဖို့ အသိတွေရတယ်....

မချစ် မနှစ်သက်သူ မုန်းသူတွေဆီက
သတိထားနေဖို့ အသိတွေရတယ်....

ပစ်ပယ် စွန့်ခွာသွားသူတွေဆီက
ကိုယ့်ကိုကိုယ် ပိုယုံကြည်ပြီး
ကိုယ့်အားကိုယ်ကိုးဖို့ အသိတွေရတယ်....


***


Sunday, 6 June 2010 တုန်းက ဒီနေရာမှာ ရေးဖြစ်ခဲ့တဲ့ ပိုစ့်အတိုလေး တပုဒ်ပါ။

အဲဒီ အသိတွေ ရင်ထဲ သံမှိုစွဲသလို အမြဲရှိနေလို့ ဒုတိယအကြိမ်မြောက် ပိုစ့်အဖြစ် ဘလောဂ့်စာမျက်နှာပေါ်မှာ ထပ်တင်လိုက်ပါတယ်။

ဒီအသိတွေ ရှိနေစေဖို့အတွက် အတွေ့အကြုံတွေ ပေးခဲ့၊ ပေးနေဆဲ သူတွေအားလုံးကို ကျေးဇူးတင်မိတယ်။

ကိုယ်တိုင် ကြုံတွေ့ရတဲ့ အတွေ့အကြုံမျိုး ဆိုတာတွေဟာ ငွေနဲ့ ပေးဝယ်လို့မရဘူး ဆိုကြတယ် မဟုတ်ပါလား။ ကိုယ့်ပတ်ဝန်းကျင်မှာ သင့်တင့်လျှောက်ပတ်စွာ နေထိုင်ပြောဆို ဆက်စံတတ်ဖို့ဆိုတာဟာ အသက်အရွယ်ရလာတာနဲ့အတူ ကြိုးစားနေထိုင်ဖြစ်တယ် ဆိုရမှာပေါ့လေ။

စာလာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


စိုးမြနန္ဒာသက်လွင်
Kensington, London
07:27AM

No response to “"အသိ"”