ဒီနေ့ (March 8 2011) ဟာ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့" ဖြစ်ပါတယ်။
သတ္တလောက ကမ္ဘာပေါ်မှာ လူသားအားလုံးရဲ့ မိခင်ဆိုတာကို ဂုဏ်ယူစွာ ဖြစ်ခွင့်ရတာ အမျိုးသမီး
ကြင်နာမှု့ အပြည့်အဝပေးနိုင်ပြီး ဂရုဏာပိုင်ရှင်များလို့ ဝင့်ကြွားစွာ ဆိုနိုင်တာ အမျိုးသမီး
လှပကျော့ရှင်း လှယမင်းလို တင့်တယ်ကျက်သရေ ရှိတယ်ဆိုတဲ့
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊
ပိုးချည်မျှင်လို နူးညံ့ညင်သာ ပျော့ပျောင်းပြီး ကြည်လင်အေးမြတဲ့ မေတ္တာပေးနိုင်တယ်ဆိုတဲ့
ခံစားမှုဆိုင်ရာ ဂုဏ်သတ္တိ၊
ထက်မြက်သည်းခံ၊ လိမ္မာပါးနပ် မာယာကြွယ်၍ ရင့်ကျက်တယ်ဆိုတဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ
စတာတွေကို ကျေနပ်စွာ ပိုင်ဆိုင်နိုင်တာ
အမျိုးသမီး
အစရှိတဲ့ အချက်တွေနဲ့တင် ... ... ..,
လောကကြီးမှာ ဖြစ်တည်လာရတဲ့ အမျိုးသမီးရဲ့ဘဝကို
ဂုဏ်ယူပြီး အားရကျေနပ်မိပါတယ်။
ဒီထက်ပိုတာကတော့ မြန်မာအမျိုးသမီး ဖြစ်ခွင့်ရတာကိုလဲ
ကံကောင်းတယ်လို့ မှတ်ယူတယ်။
ထို့အပြင် ကမ္ဘာ့နိုင်ငံကြီးတခုရဲ့ လူမျိုးခြားတို့အလယ်မှာ
သူတို့နဲ့ တန်းတူရင်ဘောင်တန်းနိုင်ပြီး တူညီတဲ့ အခွင့်အရေးရ၍
မြန်မာအမျိုးသမီး တယောက်ရဲ့အရည်အချင်း (အစွှမ်း) ကို ပြနိုင်လို့
မိဘတွေနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ကို
အထူးကျေးဇူးတင်မိပါတယ်။

ကမ္ဘာ့ပေါ်ရှိ အမျိုးသမီးတိုင်း
လွတ်လပ်နိုင်ကြပြီး တန်းတူညီမျှတဲ့ အခွင့်အရေးကို ရကြ၍
လူ့အခွင့်အရေးကို ပြည့်ဝစွာ ခံစားနိုင်ကြပါစေလို့ စစ်မှန်စွာ ဆန္ဒပြုပါတယ်ရှင်။
"နှစ်တစ်ရာတိုင်ပြီဖြစ်တဲ့ အမျိုးသမီးများနေ့
ကမ္ဘာတည်သရွေ့ရှိစေသောဝ်"

စိုးမြနန္ဒာသက်လွင်
March 8 2011

2 Responses to “"နှစ်တစ်ရာတိုင်ပြီဖြစ်တဲ့ အမျိုးသမီးများနေ့"”
အမျိုးသမီးများအားလုံးအတွက် နန္ဒာနဲ့ ထပ်တူဆုတောင်းပေးသွားပါတယ်။
အဖေ့သမီး
အမေ့သမီး
အဖွားမြေးသမီး
ပြီးတော့ မြန်မာအမျိုးသမီး
ကိုယ့်ဘာ့ကိုယ်တော့ ကံကောင်းတယ်လို့
ထင်နေတာဘဲ နန္ဒာရေ ... :)
Post a Comment