ခဏတာအတွက်
မမျှော်လင့်ပဲကြုံ
မထင်မှတ်ပဲဆုံ
အချိန်တန်တော့
အားလုံးဟာ.,
သူ့လမ်းသူလျှောက်
လမ်းခွဲကြရတာပါပဲ။
ဒါပေမယ့်...,
ခွဲခွါခြင်းရဲ့
ပြယုဂ်ကို
ခပ်တည်တည်နဲ့
နှုတ်မဆက်ခဲ့ဘူး။
* * * * *
"၂၀၁၁၊ မတ်လမှာ ကျရောက်တဲ့ ဘလောဂ့်ရေးသားခြင်း ၃နှစ်ပြည့် အမှတ်တရ"
ခွဲခွါခြင်းရဲ့ ပြယုဂ်ကို နှုတ်မဆက်လိုလို့ အခါအားလျော်စွာ စာတွေ ဆက်ရေးနိုင်အောင် ကြိုးစားသွားပါမယ်လို့ ဆိုရင်း ဘလောဂ့်ရေးသားခဲ့တဲ့ ၃နှစ်တာအတွင်း စဉ်ဆက်မပြတ် အားပေးဖတ်ရှုခဲ့ကြတဲ့ စာဖတ်သူများ အားလုံးကို
ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း လှိုက်လှိုက်လှဲလှဲဖြင့် လေးစားစွာ ဆိုပါရစေရှင်။
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်

