
ရည်မှန်းချက် ပန်းတိုင်တွေ
ဆွတ်ခူးနိုင်ပြီဆိုတော့...,
ပြောခွင့်ရမယ် ဆိုရင်
ချန်ခဲ့မှာကို မလိုလားဘူး
ထားခဲ့မယ်ဆိုလေတော့
ကျန်ခဲ့ရတော့မှာပေါ့
အမှတ်မထင်
ကြုံဆုံခဲ့ရတဲ့
ဆုံတွေ့မှု့ မှတ်တမ်း
တမ်းတလိုက်တဲ့ နေရာတိုင်းမှာ
ရှိနေမယ်ဆိုတာ သိစေချင်ရဲ့
တသက်မှာ
အမှတ်တရ အမြဲရှိနေပါစေတော့
တွေးမိတိုင်း မျက်ရည်ဝိုင်းရတယ်
လွမ်းရမယ့်အဖြစ်တွေကို ရင်ဆိုင်ကာရယ်လို့
လျှောက်လှမ်းရမယ့်
အနာဂတ်လမ်း
ရွှေရောင်လွှမ်းပါစေ
တောင်းဆုခြွေရင်း
ခွဲကြရပြီဆိုတော့
အလွယ်တကူ ပြန်ဆုံနိုင်ဖို့ရာ
ခက်ခဲနေစေသော်လည်း
ယုံကြည်ပါတယ်
တနေ့ ပြန်တွေ့တော့ တွေ့မှာပါ
ပြန်မဆုံခင်မှာ
အမြဲမဟုတ်ရင်တောင်
တခါတလေ ခဏတော့
သတိရစေချင်တယ်... ... ...
ပင့်သက်ကိုရှိုက်
စိတ်အစဉ်ဝယ် နှောင်ကြိုးသွယ်ယှက်
ပြန်ဆုံရမယ့် နေ့ရက်တွေကို
မျှော်လင့်ကါ မှန်းဆနေစေ၍
အခုတော့လေ
"လွမ်း တသသ" ဖြစ်ကျန်ခဲ့ရပြီပေါ့... .... ...
* * * * * * * * * * * *
ဖေ့စ်ဘွတ်မှတဆင့် လူခြင်း ခင်မင်ရင်းနှီးခွင့်ရခဲ့သော Wigan မြို့ (NW England) မှာ နေထိုင်ရင်း ကျောင်းတွေပြီးလို့ ဘွဲ့တွေ ရသွားကြပြီး...,
မကြာခင် UK နိုင်ငံကနေ ကိုယ့်ကို ခွဲခွါသွားကြမယ့် သူငယ်ချင်းမိတ်ဆွေများဖြစ်တဲ့....
ရတနာ (Trisha Honey) + မောင်သက်ခိုင်၊ အောင်ကိုကိုကျော်၊ ပြည်သားလေး (ရဲမြင့်သူ) တို့အား ရည်ရွယ်၍ ချစ်ခြင်းဖြင့် လွမ်းစိတ်နှင့်အတူ အမှတ်တရ ရေးဖွဲ့ပါသည်။
အပေါ်ယံမဟုတ်သော စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့်..,
စိုးမြနန္ဒာသက်လွင်
Kensington, London
03:03AM


One response to “" လွမ်း တသသ "”
လွမ်းတသသ၊ မှန်းဆရော်ရည်
ချစ်ကြည်ခဲ့ကြ၊ ကာလများစွာ
နှောင်ရစ်ပါရင်း၊ ချစ်ခြင်းသူ့ထံ
တိမ်ယံမှသည်၊ တမ်းတပေးဝေ
ရက်မရှည်ဘဲ၊ ဆုံနေကျဖြစ်
နေရာစစ်တွင်၊ ချစ်သူတိုင်းလည်းပေါင်းကြစေ...
ချစ်ခြင်းမေတ္တာရဲ့ မွန်မြတ်သန့်စင်မှုကို ယုံကြည်လိုက်ပါလေ...မဝေးတော့သော တစ်နေ့နေ့မှာပေါ့...
Post a Comment