♫..♪ ပို့မေတ္တာတေးလွှာဝေ.. ... .. ဘေးဘယာတွေကင်းပါစေ ♫..♪
♫..♪ သပြေနုငွေခရု ဇေယတုပြုတယ်လေ ♫..♪
မေ့မေတ္တာ ... .... ♥ .... ♥ .... ... မေ့မေတ္တာ... ....
သောက်ကာသုံး ပြုံးရွှင်စေ..... .... ..... .... :))
သက်ဆိုင်သူရေ...., ♥ ♥
♫..♪ မေ့အသံအား မှတ်မိပါရဲ့လားလေ ♫..♪
♫..♪ လွမ်းတသသ မှန်းဆကာနေ ... မှန်းဆကာနေ ♫..♪
♫..♪ နေ့တွေလတွေပြောင်းလာသရွေ့... ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ ♫..♪
သက်ဆိုင်သူမောင့်ကိုပဲ ... ♥ ♥ ... သက်ဆိုင်သူမောင့်ကိုပဲ
♫..♪ အမြဲမျှော်ကာ ... အမြဲမျှော်ကာ ... စောင့်ကြိုပါတယ်လေ ♫..♪
အကြည်ဓါတ်ကလေးရတဲ့အခါ အမြဲတမ်းလိုလို နှစ်သက်လို့ ညည်းမိတဲ့ သီချင်းလေး ဘလောဂ့်ပေါ် အမှတ်တရ တင်ကြည့်တာပါ။
အချိန်တွေ ဘယ်လိုပြောင်းပြောင်း အသစ်တွေ ဘယ်လိုပင် ဆန်းသစ်စေတော့ ဘယ်တော့မှ မဟောင်းသွားစေတဲ့ ရင်းတွင်းစွဲရှိုက် သိပ်ကြိုက်မိတဲ့ သီချင်းလေးဆိုပါတော့။
နေ့တွေလတွေ ပြောင်းလာသရွေ့
ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ♫..♪
♫..♪ခွန်းသွဲ့သွဲ့ ပြောတဲ့စကားတွေ
မေ့အနားမှာပင် အစဉ်ကြားလို့နေ
သော်တာစန်း လွမ်းကာနေ
မျှော်ကာမှန်း လွမ်းပါသလေ လွမ်းပါသလေ♫..♪
သက်ဆိုင်သူရေ..., ♥ ♥
မေ့ကိုမှ မှတ်မိသေးပါရဲ့လားဟင်? ? ?
ဒီရက်ပိုင်း အလွမ်းဓါတ်တွေ ဝေနေမိတော့တာပါပဲ။ =^_^=
စာဖတ်သူများအားလုံး စိတ်နှလုံးရွှင်ပြုံး အေးချမ်းကြပါစေရှင်....
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်
Kensington, London
04:27AM


4 Responses to “သက်ဆိုင်သူသို့..., ♥ ♥”
လွမ်းတယ်ဆိုတာ နှလုံးသားရှိခြင်းရဲ့ သင်္ကေတ...
လူသားဆန်ခြင်းရဲ့ ပြယုဂ်...
သံယောဇဉ်ရဲ့ နိမိတ်ပုံဖြစ်ပါတယ်...
ဒါကြောင့် ကျကျနနနဲ့ အရသာရှိရှိ လွမ်းနိုင်စေကြောင်း ဆုတောင်းပေးပါရဲ့...
နန္ဒာရေ... ကော်မန့်အတွက်ရော... မွေးနေ့ဆုတောင်းအတွက်ရော ကျေးဇူးပါ။ နောက်ကျသွားလို့ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့။ မဇွန်လည်း ကိုယ်တိုင်ဘလော့မလည်နိုင်အောင် အလုပ်များနေသူမို့ နားလည်ပါတယ်။ ခုညမှ ၀င်လည်ဖြစ်တာလေ။
မဇွန်လည်း ဇွန်မိုးစက်နာမည်နဲ့ facebook account ဖွင့်ဖို့စဉ်းစားနေတယ်။ ဒီ weekend မှာဖွင့်ဖြစ်ရင် နန္ဒာနဲ့မလေးကို အရင်ဆုံး add လိုက်မယ်လေ။း)
ဒါနဲ့ အဲဒီ့သက်ဆိုင်သူသီချင်းကို မဇွန်လည်း အရမ်းကြိုက်တယ်။ မဟေမာရဲ့ အသံအေးအေးငြိမ်ငြိမ်လေးနဲ့ဆိုသွားတာ နားထောင်လိုက်ရရင် ရင်ထဲမှာ အေးငြိမ်းသွားတယ်။
လွမ်းနေတယ်လား နန္ဒာ... ?
ငိုချင်သွားတယ်..
အရင်က စွဲစွဲလမ်းလမ်း မရှိပေမယ့် တလောက အားတိုင်းယားတိုင်း ဒါလေးပဲ ညည်းညည်းနေတယ်။ လွမ်းတယ်လဲ မဟုတ်။
Post a Comment