ဒီနှစ်အတွက် ရက်ရှည် holiday ခရီး မသွားခင် ဒီသီချင်းလေးတပုဒ် ဘလောဂ့်ပေါ် အမှတ်တရ တင်ချင်လို့ ပိုစ့်အဖြစ် တင်လိုက်ပါတယ်။သွားရမယ့် ခရီးက တခါမှ မသွားဖူး၊ မရောက်ဖူးပါဘူး။ အဲဒီအတွက် ရင်ခုန်မိတယ်။
ဒီနှစ်ထဲမှာ ဒီခရီးပါနဲ့ဆို သူနဲ့ ၅ကြိမ်မြောက် သွားခြင်းလို့ ဆိုရပါမယ်။ ကိုယ်နဲ့ သက်ဆိုင်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ Greece ကိုပါ။
ဒီနေ့ လန်ဒန်ရဲ့ မနက် ၁၁နာရီမှာ British Airways နဲ့ Terminal 5 ကနေ သွားရမှာ ဖြစ်ပါတယ်။ လန်ဒန်ကနေ အေသင်မြို့ကို လေယာဉ်ပျံသန်းချိန် ၃နာရီခွဲပဲ ကြာမှာဖြစ်တယ်လို့ သိရတယ်။
Athens - Mykonos - Santorini ဆိုတဲ့ မြို့၃မြို့ကို ၂ပတ်ကြာ လည်ပတ်ဖြစ်ပါမယ်။ အဲဒီက အပြန်ကြရင် အချိန်ယူပြီး ဘလောဂ့်ပေါ် ဓါတ်ပုံအက်ဆေးလေးအဖြစ် မှတ်တမ်းတင်ဖြစ်အောင် ကြိုးစားမယ် စိတ်ကူးထားတယ်။
ဟိုတခါ ဒီနှစ် Valentine တုန်းက သူနဲ့ ၁ပါတ်ကြာ သွားဖြစ်တဲ့ Maldive Islands ခရီးကို ဖေ့စ်ဘွတ်မှာပဲ ဓါတ်ပုံအယ်လ်ဘမ်အဖြစ် တင်ဖြစ်ပြီး ဘလောဂ့်ပေါ် ပိုစ့်အဖြစ် ရောက်မလာခဲ့ဘူး။
တခြားခရီးတွေကတော့ weekend လိုမျိုးမှာ၊ အလုပ်ပိတ်ရက်ရှည်ရတဲ့အခါမျိုးမှာ အလည်သွားဖြစ်တဲ့၊ ရောက်ဖူးနေတဲ့ အိမ်နီးခြင်း Europe နိုင်ငံတွေမို့ ကိုယ့်အတွက် သိပ်မထူးခြားလှဘူး။
ဖေ့စ်ဘွတ်ရဲ့ လွှမ်းမိုးခြင်းခံရတော့ ဘလောဂ့်ပေါ် တာဝန်မကျေလို့ အဲလိုကျ ကိုယ့်ဆီ စာလာဖတ်သူတွေအပေါ် မတရားသလို တခါတခါ ခံစားရတယ်။ ဖေ့စ်ဘွတ်က ကိုယ်ကန့်သတ်ထားသူသာ ကြည့်ရှု့ခွင့်ရပြီး ဘလောဂ့်ကတော့ မည်သူမဆို လွတ်လပ်စွာ ကူးသန်းသွားလာ ဖတ်ရှု့လို့ ရနေတာကိုး.., နော်။
ဖေ့စ်ဘွတ်မှာ ပါဆင်နယ်အရမ်းဆန်တာမျိုးနဲ့ အလုပ်ဆိုင်ရာက လွဲလို့ အပျော်သွားဖြစ်ခဲ့တဲ့ ခရီးသွား ဓါတ်ပုံအယ်လ်ဘမ်တွေ တင်ရခြင်းက ခရီးသွားမှတ်တမ်းအဖြစ် အမှတ်တရ မှတ်တမ်းတင်ခြင်း သတ်သတ်ရယ်ပါ။
တချိန် အသက်ရလာတဲ့အခါ ဒီလိုနေရာလေးတွေ ရောက်ဖူးခဲ့တယ်ဆိုတာကို ပြန်တွေးကြည်နူးမှတ်မိနေဖို့လို့ ဆိုပါတော့။
သူကတော့ ကိုယ့်ကို သူ့ မွေးရပ်မြေဆီ ဂုဏ်ယူစွာ အလည်ခေါ်သွားပြီး သူ့မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တချို့နဲ့ မိတ်ဆက်ပေးခါ၊ သူ,အမြဲပြောပြလေ့ရှိတဲ့ နှစ်ပေါင်း ၇၀၀၀ကျော်ပြီဆိုတဲ့ သမိုင်းဝင် အေသင်မြို့ဟောင်း၊ စာဖွဲ့မမှီအောင် လှရက်လွန်းတယ်ဆိုတဲ့ Mykonos နဲ့ Perissa ကမ်းခြေ၊ ဒဏ္ဌာရီဆန်တယ်ဆိုတဲ့ Santorini မြို့က မမေ့ရက်စရာ Oia ညနေဆည်းဆာအလှတို့ကို သူနဲ့အတူ ကိုယ်တိုင် မျက်ဝါးထင်ထင် ခံစားရတော့မှာပေါ့လေ။
အဲဒီအတွက် ရင်ခုန်နေမိတာပါ။ ဒီည အိပ်မရတာနဲ့ ဒိုင်ယာယီပိုစ့်လေး ထရေးလိုက်တယ် ဆိုပါတော့။
ကိုယ်လဲပဲ သူ့ကို ကိုယ်ချစ်တဲ့ အမိမြေကို ခေါ်သွားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့အလှကို ဂုဏ်ယူဝင့်ကြွားစွာ ပြခွင့်ရချင်မိတယ်။
ဒီနှစ်ထဲတော့ မဖြစ်နိုင်တော့ပါဘူး။ ခရီးက ပြန်ရောက်တာနဲ့ ကျောင်းသူဘဝ ပြန်ရောက်ရပြန်ပါပြီ။ အလုပ်တဖက်၊ ကျောင်းတဖက်နဲ့ တွေးရင်း ရင်လေးမိတာတော့ အမှန်ပါပဲ။ ဒီနှစ်ထဲ ရက်ရှည်ခရီးအဖြစ် ဒီခရီးသွားပြီးရင် သွားဖြစ်တော့မှာ မဟုတ်ပါဘူး။
အခုတော့ စာတွေ၊ အလုပ်တွေနဲ့ မနိုင်မနင်း မဖြစ်ခင် တနှစ်တာရဲ့ စိတ်ဖိစီးမှု့တွေကို ဒီခရီးမှာ ဖြေလျော့မိမယ်လို့ တွေးထင်ရင်း.., စိတ်လှုပ်ရှားနေမိပါတယ်လို့ ဆိုရင်း.., လမကုန်ခင်မှာပဲ
The innocent can never last
wake me up when September ends ♫♪.♪
လို့ တိုးတိုးရွှတ်ဆိုရင်းနဲ့ စက်တင်ဘာကို လက်ပြနှုတ်ဆက်လိုက်ပါတယ်။
ဒီပိုစ့်နဲ့အတူ သီချင်းလင့်ခ်က လတ်တလော နားထောင်ဖြစ်တဲ့ Damien Rice ရဲ့ Cannonball ဆိုတဲ့ သီချင်းလေးပါ။
ဒေါင်းလုပ်ဒ် MP3ဖိုင် အဆင်သင့် မရှိလို့ ယူကျူ့က ဗီဒွီယိုကလစ်ပဲ တင်လိုက်ရတယ်။
ပျင်းစရာ ကောင်းတယ် ထင်ရပေမယ့် သေချာနားထောင်ရင် သီချင်းစာသားတွေက အရမ်းထိမိပါတယ်။
နားထောင်ကြည့်ပါအုံး။
Love taught me to lie
Life taught me to die
So it's not hard to fall
When you float like a cannonball ♫♪
စာဖတ်သူအပေါင်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေရှင်။
မေတ္တာဖြင့်
စိုးမြနန္ဒာသက်လွင်
Kensington, London
03:27AM


8 Responses to “●••·˙စက်တင်ဘာရဲ့ ဒိုင်ယာရီ˙·••●”
တချိန် အသက်ရလာတဲ့အခါ ဒီလိုနေရာလေးတွေ ရောက်ဖူးခဲ့တယ်ဆိုတာကို ပြန်တွေးကြည်နူးမှတ်မိနေဖို့လို့ ဆိုပါတော့။
----
ဒါလေးကို အထူးထောက်ခံမိတယ်။
အချိန်တွေကြာလာရင် ကိုယ်တွေ့ ကြုံ၇တာတွေကိုက မေ့သွားနိုင်တယ်..
ခုလိုလေးတွေ ရေးထားတော့ ပြန်ဖတ်ကြည့်တိုင်း အမှတ်ရစေတယ်..
မနေ
နန္ဒာ ၁၅နှစ်အရွယ်လောက်ထဲက နေ့စဉ် မဟုတ်တောင် ကိုယ့်အတွက် ပျော်တဲ့၊ ဝမ်းနည်းတဲ့၊ ရင်ခုန်တဲ့ ရက်တွေ၊ ထူးခြားတာတွေကို ပုံမှာန် ဒိုင်ယာရီရေးဖြစ်လာတာ အခုထိပါပဲ။ အဲတော့ အမှတ်တရ ရက်တွေကို မေ့မသွားစေပဲ ပြန်ကြည့်မိ၊ ဖတ်မိတိုင်း အမှတ်ရ နေစေတာ အမှန်ပါပဲ။
ဂရိက သိပ်လှတယ် .. တဝကြီးလည်ခဲ့နော် ဓါတ်ပုံတွေလည်းအများကြီးရိုက်ခဲ့။
ဗစ်ရေ
ဂရိ လှမလှတော့ မသိဘူး။ စဉ်းစားရင်း အိပ်မရတဲ့ည ဖြစ်နေတယ်။ :D
ပျော်ရွှင်သော ခရီးလေး ဖြစ်ပါစေ အစ်မရေ။ ကောင်းကောင်း ပျော်ခဲ့ပြီး ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့နော်။ အစ်မ ရဲ့ travel documentary လေးကို စောင့်မျှော်နေပါမယ်။ (ဒေါန်းလည်း တစ်ချိန်ကျရင် ဘယ်နေရာတွေကို သွားလည်မယ် ဆိုပြီး စိတ်ကူးယဉ်လို့ ရသွားတာပေါ့။ :)
Dawn
ဟုတ်ပါပြီ Dawn ရေ။
***
ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ခရီးသွားဖို့ ပြင်ဆင်ရတော့မှာမို့ နောက်ပိုင်း ကွန်မန့်များကို အလျင်းသင့်သလို publish လုပ်ပေးပြီး အချိန်ရတာနဲ့ အကြောင်းပြန်ပေးပါ့မယ်နော်။
အားလုံး ပျော်ရွှင်သော တနင်္လာနေ့ပါရှင်။ =)
Have a safe trip and enjoy your holiday, sis!
ပျော်စရာကောင်းတဲ့ ခရီးလေးဖြစ်ပါစေ နန္ဒာ
အရွယ်ရှိတုန်းနဲ့ လွတ်လပ်တုန်းပဲ လည်ရတာ
အမလည်း ခုတလော မအားဘူးး)
Post a Comment